လူမှန်းသိတတ်စတည်းက အမေခေါ်စရာမရှိဘဲ အနားမှာအမြဲရှိနေပေးနေတဲ့ဖခင်ဖြစ်သူကို ကျေးဇူးတင်စကားဆိုလာတဲ့ နေခြည်ငြိမ်းချမ်း

လူမှန်းသိတတ်စတည်းက အမေခေါ်စရာမရှိဘဲ အနားမှာအမြဲရှိနေပေးနေတဲ့ဖခင်ဖြစ်သူကို ကျေးဇူးတင်စကားဆိုလာတဲ့ နေခြည်ငြိမ်းချမ်း

KKK

KKK

KKK

ရယ်စရာဟာသပြက်လုံးတွေနဲ့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို အခိုင်အမာရရှိထားတဲ့ လူရွှင်တော်ငြိမ်းချမ်းကတော့ သဘင်လောကမှာ အောင်မြင်မှုတွေရရှိထားသူပဲ ဖြစ်ပါတယ်။

KKK

KKK

KKK

KKK

ဟာသလူရွှင်တော်တစ်ယောက်ဖြစ်သလို ဇာတ်ကားတွေလည်း များစွာရိုက်ကူးထားတဲ့ ငြိမ်းချမ်းကတော့ ပရဟိတအလုပ်တွေကိုလည်း လုလပ်ဆောင်နေတာတွေ့ရပါတယ်။ ငြိမ်းချမ်းရဲ့သမီးချောဖြစ်တဲ့ နေခြည်ငြိမ်းချမ်းကတော့ လူမှန်းသိတတ်စအရွယ်ကတည်းက အမေခေါ်စရာမရှိဘဲ အနားမှာအမြဲရှိနေပေးနေတဲ့ ဖခင်ဖြစ်သူကို ကျေးဇူးတင်စကားဆိုလာပါတယ်။

KKK

KKK

KKK

အမေခေါ်စရာမရှိပေမယ့် အခုချိန်ထိ အဖေခေါ်ခွင့်ရတာကိုက ဘာနဲ့မှမလဲနိုင်တဲ့အကြောင်းတွေကို အမေများနေ့မှာ သူမရဲ့လူမှုကွန်ယက်ဖေ့စ်ဘွတ်စာမျက်နှာကနေ ရေးသားပြောပြထားတာ ဖြစ်ပါတယ်။ အမေများနေ့ဆိုတာ သိလိုက်ရတဲ့အချိန်မှာ နောက်ကျမှသိလိုက်ရလို့ စိတ်မကောင်းဖြစ်သွားတယ်မေမေလူမှန်းသိထဲက မေမေခေါ်စရာမရှိပေမယ့် ဖေဖေကအမြဲအနားမှာရှိနေပေးခဲ့လို့ ကျေးဇူးပါဖေဖေ။

KKK

KKK

KKK

KKK

မေမေလို့ခေါ်စရာမရှိပေမယ့် ဖေဖေလို့အခုချိန်ထိ ခေါ်နေခွင့်ရတာကိုက ဘာနဲ့မှမလဲနိုင်ပါဘူးဖေဖေ အသက်ရှည်ရှည်နဲ့ ကျန်းကျန်းမာမာနေပေးပါဖေဖေ။ မရှိတော့တဲ့မေမေ့ကို သတိရပြီးရှိနေတဲ့ဖေဖေနဲ့ ရန်ခဏခဏဖြစ်ရတာလည်း ပျော်စရာတခုပါဖေဖေချစ်တယ် ဖေဖေနဲ့မေမေ။

KKK

KKK

KKK

နေ့ရက်တိုင်းဟာ အဖေများနေ့နဲ့ အမေများနေ့ပါ ဖေဖေနဲ့မေမေမိဘရဲ့ကျေးဇူးတွေကို ထာဝရဆပ်ခွင့်ရတဲ့သူ ဖြစ်ရပါစေဆိုပြီး ရေးသားထားတာဖြစ်ပါတယ်။ သူမရဲ့ပို့စ်အောက်မှာတော့ ပရိသတ်တွေကလည်းသား အဖနှစ်ယောက်ရဲ့အမှတ်တရတွေကို သဘောကျနေကြသလို အားပေးစကားတွေလည်း ပြောထားကြတာတွေ့ရပါတယ်။

KKK

KKK

KKK

KKK

Credit

Zawgyi


KKK

KKK


KKK

KKK


KKK

KKK


KKK

KKK


Credit

Add a Comment

Your email address will not be published. Required fields are marked *