လူတိုင်းသတိမထားမိတဲ့ အမှန်ကန်ဆုံးအသက်ရှုနည်းနဲ့ အောက်စီဂျင်အကုန်သက်သာစေမယ့် နည်းလမ်းကို ဝေ မျှ ပေးလာတဲ့ ခိုင်သင်းကြည်

လူတိုင်းသတိမထားမိတဲ့ အမှန်ကန်ဆုံးအသက်ရှုနည်းနဲ့ အောက်စီဂျင်အကုန်သက်သာစေမယ့် နည်းလမ်းကို ဝေ မျှ ပေးလာတဲ့ ခိုင်သင်းကြည်

ပြီးခဲ့တဲ့ရက်ပိုင်းလောက်ကလည်း ပါမောက္ခဒေါက်တာခင်မောင်ထွေးရဲ့ အောက်စီဂျင်ရှုနေရက်နဲ့ အသက်ဘာကြောင့်ဆုံးရှုံးရတယ်ဆိုတဲ့ ဆောင်း ပါးကို သူမရဲ့လူမှုကွန်ယက်ကနေတဆင့် ဝေမျှပေးလာတဲ့ ခိုင်သင်းကြည်ဟာ ဒီနေ့မှာလည်း ဆရာမကြီးဒေါ်မြင့်မြင့်စိန်ရဲ့ အောက် စီဂျင်အကုန်သက်သာပြီး မှန်ကန်တဲ့အသက်ရှုနည်းလမ်းကို ထပ်မံဝေမျှပေးခဲ့ပါတယ်။

ကျန်းမာရေးဗဟုသုတတွေကို မကြာခဏဆိုသလို သူမရဲ့ Facebook ကနေ ဝေမျှပေးလေ့ရှိတာမို့ ဖတ်မိလေ့လာမိတဲ့ ပရိသတ်တွေ အ တွက် ဗဟုသုတတစ်ခုတိုးပွားပြီး နည်းလမ်းအမှား တွေ ကိုပယ်နိုင်ကာ မှန်ကန်တဲ့နည်းလမ်းတစ်ခုကို အသုံးချနိုင်သွားရင် အသက် တစ် ချောင်းလည်း အလကားမဖြစ်နိုင်တော့ပါဘူး။

ဆရာမကြီးရဲ့မှန်ကန်တဲ့အသက်ရှုနည်းအကြောင်းကို ” ဒေါက်တာဒေါ်မြင့်မြင့်စိန်အကြံပြုတဲ့ အသက်ရှူနည်းပါ။ ပါးစပ်ကရှူတာ မှားနေ တယ်။ နှာခေါင်း ကဘဲ ရှူပါ။ မြန်မြန် မရှူပါနဲ့။ ပြည့်ပြည့်ဝဝ လုပ်နိုင်သလောက် ရှူသွင်းပါ။ (၄) စက္ကန့်လောက်ကြာပါတယ်။ ပြီးရင် ခဏ အောင့်ထားပေးပါ။ (၅) စက္ကန့်လောက် ရရင်ကောင်းပါတယ်။ ရသလောက် အောင့်ထားတာက အောက်ဆီဂျင်က သွေးထဲပိုရောက်ပါတယ်။ ပြီးရင် အချိန်ကြာကြာ ရှူထုပ်ပါ။ ရှူသွင်းတာက (၄) စက္ကန့်ဆိုရင် ရှူထုပ်တာ ၈ စက္ကန့်လောက်ကြာရင် ပိုကောင်းပါတယ်။

ရှူထုပ်တဲ့အခါ ရှေ့ဗိုက်သားကနေနောက်ဘက်ကျောရိုးနားအထိ ရောက်အောင် ရှူထုပ်ပါ။ အဲဒီလို မျိုးလေ့ကျင့်မယ်ဆိုရင် သွေးထဲကို အော က်ဆီဂျင် အဝင်များပြီး မလိုအပ်တဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်က အပြင်ကို များများ ပြန်ထွက်သွားပါတယ်။ ပြီးရင် မှောက်အိပ်ပါ။ မှော က်နိုင်အောင်မှောက်ပါ။ ရအောင်မှောက်ပါ။ ခဏ ခဏ မှောက်ပါ။ ကြာကြာမှောက်ပါ။ အောက်ဆီဂျင် အကုန်သက်သာပါတယ်။ ” ဆိုပြီး ပြန်လည်ဝေမျှပေးခဲ့ပါတယ်။

စာဖတ်သူတို့လည်း ဆရာမကြီးအကြံပြုတဲ့နည်းလမ်းအတိုင်း လိုက်လုပ်မယ်ဆိုရင် မိမိကိုယ်တိုင်ရော မိမိရဲ့မိသားစုတွေ ခင်မင်ရသူတွေလ ည်း ခံစားနေရတဲ့ ဝေဒနာတွေကနေလွတ်ကင်းနိုင်မှာပါ။ ကျန်းမာခြင်းဟာလာဘ်တစ်ပါးပဲမို့ ကျန်းမာရေးကို အထူးဂရုစိုက်ဖို့လိုအပ်ပါတယ်။ ကျန်းမာမှသာ ကိုယ်ဖြစ်ချင်တဲ့ဆန္ဒတွေကို အကောင်အထည်ဖော်နိုင်မှာပါ။ စာဖတ်သူပရိသတ်ကြီးလည်း စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး မိမိတို့ရဲ့ဆန္ဒတွေကို အကောင်းဆုံးပုံဖော်နိုင်ပါစေလို့ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။

သတင်းအရင်းမြစ်: Khine Thin Kyi’s FB Acc

Add a Comment

Your email address will not be published. Required fields are marked *