အိမ်ကိုအလကားပေးရင်တောင် ယူမယ့်လူမရှိလို့ စိတ်ညစ်နေတဲ့ အိမ်ပိုင်ရှင်များ

အိမ်ကိုအလကားပေးရင်တောင် ယူမယ့်လူမရှိလို့ စိတ်ညစ်နေတဲ့ အိမ်ပိုင်ရှင်များ

KKK

KKK

အိမ်ပိုင်ရှင်တစ်စုကတော့ သူတို့ရဲ့အိမ်ကို အလကားပေးရင်တောင် ယူမယ့်လူမရှိလို့ အတော်လေး စိတ်ညစ်နေတယ်လို့ ဆိုပါတယ်။ အဲဒီအိမ်ကိုယခင်က အမြန်ရောင်းထွက်ချင်လို့ အရောင်းဈေးကွက်တင်ခဲ့ပါတယ်။ ကမ်းလှမ်းသူတွေရှိခဲ့သော်လည်း နောက်တော့လက်လန်ပြီး အိမ်အရောင်းအဝယ် မဖြစ်တော့တာပါ။

KKK

KKK

KKK

ဒီအိမ်လေးဟာ အမေရိကန် Louisiana မှာ တည်ရှိပါတယ်။ အိမ်ကိုငှားဖို့ ဒါမှမဟုတ်ဝယ်ယူဖို့ ဆက်သွယ်လာသူတွေက ယခင်အိမ်ငှားတွေ ဒေသခံလူတွေရဲ့ သတင်းစကားကြောင့် ငှားမယ့်လူဝယ်မယ့်လူ မရှိတော့တာပါ။ ဒီလိုနဲ့အိမ်လေးဟာ နေသူမဲ့နေပါတယ်။

KKK

KKK

KKK

အဆိုပါအိမ်လေးမှာ သရဲအလွန်ခြောက်တယ်လို့ဆိုပါတယ်။ အနီးအနားပတ်ဝန်းကျင်နဲ့ ခပ်လှမ်းလှမ်းမှာ တသီးတခြား တည်ရှိနေတဲ့သဘောမျိုးဖြစ်ပြီး အိမ်ရဲတည်နေတဲ့ပုံစံကလည်း မြင်သူကို ကျောချမ်းစေပါတယ်တဲ့။

KKK

KKK

KKK

ဒီအိမ်ကိုပူးတွဲပိုင်ဆိုင်တဲ့ Sylvia McLain ဟာ ယခင်ဒီအိမ်လေးကိုရောင်းထုတ်ဖို့ ဒီလောက်ခက်လိမ့်မယ်လို့ ထင်မထားခဲ့ပါဘူးတဲ့။ သူမဟာတကယ်ပြောရရင် ဒီအိမ်လေးကို ပေါချောင်ကောင်းမို့ ရင်းနီးမြှုပ်နှံတဲ့သဘောနဲ့ ဝယ်ယူခဲ့တာပါ။ သူမဟာ McLain Investments ကို တည်ထောင်ထားသူ ဖြစ်ပါတယ်။

KKK

KKK

KKK

McLain ဟာ အိမ်ကိုအရောင်းတင်တော့မှ ဒီအိမ်ဟာသရဲအလွန်ခြောက်ကြောင်းကို ဂဃနဏသိခဲ့ရတာဖြစ်ပါတယ်။ အဲဒီအိမ်မှာ အဖွားအိုသရဲမကြီးတစ်ကောင်ရှိနေပြီး မူလအိမ်ရှင်တွေဟာ အဲဒီသရဲမကြီးကို မောင်းထုတ်ဖို့ သရဲနှင်သမားတွေ မကြာခဏ ခေါ်ယူခဲ့ရတယ်လို့ဆိုပါတယ်။

KKK

KKK

KKK

သရဲမကြီးဟာ အဖွား Adele Vincent ဖြစ်နိုင်ပါတယ်။ သူမဟာသရဲဘဝနဲ့ခြောက်လှန့်ကြောင်းကို မြစ်မလေးဖြစ်သူ Dawn ကပြောပါတယ်။ အိမ်လေးဟာ ဧက(၁၆၀)ကျယ်တဲ့ ခြံဝင်းအတွင်းတည်ရှိပြီး (၁၈၆၀)ခုနှစ်ကတည်းက တည်ဆောက်ခဲ့တဲ့အိမ်ပါ။ အဖွား Adele ကတော့ (၁၉၆၇)မှာ သေဆုံးခဲ့ပါတယ်။

KKK

KKK

KKK

အဲဒီနောက် Dawn မိသားစုက အိမ်လေးကို အစဉ်အဆက် နေထိုင်ခဲ့ပေမယ့် သရဲခြောက်လွန်းမကခြောက်လို့ (၁၉၈၀)မှာ အိမ်ပြောင်းပြေးရပါတော့တယ်။ ဒီလိုနဲ့အဲဒီအိမ်ကို McLain Investments က စီမံကိန်းနေရာတစ်ခုအဖြစ် ဝယ်ယူခဲ့ရာမှ အခုလို ကြောက်စရာကောင်းတဲ့ သမိုင်းကြောင်းတွေကို သိခဲ့ရတာပါ။ အခုထိအဲဒီ ဧက (၁၆၀)ပေါ်မှာ ဘာအဆောက်ဦမှ မဆောက်နိုင်သေးပါဘူးတဲ့။

KKK

KKK

KKK

လင်းဇော်ကို (D Nae Khit)

Zawgyi

အိမ္ပိုင္ရွင္တစ္စုကေတာ့ သူတို႔ရဲ႕အိမ္ကို အလကားေပးရင္ေတာင္ ယူမယ့္လူမရွိလို႔ အေတာ္ေလး စိတ္ညစ္ေနတယ္လို႔ ဆိုပါတယ္။ အဲဒီအိမ္ကိုယခင္က အျမန္ေရာင္းထြက္ခ်င္လို႔ အေရာင္းေဈးကြက္တင္ခဲ့ပါတယ္။ ကမ္းလွမ္းသူေတြရွိခဲ့ေသာ္လည္း ေနာက္ေတာ့လက္လန္ၿပီး အိမ္အေရာင္းအဝယ္ မျဖစ္ေတာ့တာပါ။

ဒီအိမ္ေလးဟာ အေမရိကန္ Louisiana မွာ တည္ရွိပါတယ္။ အိမ္ကိုငွားဖို႔ ဒါမွမဟုတ္ဝယ္ယူဖို႔ ဆက္သြယ္လာသူေတြက ယခင္အိမ္ငွားေတြ ေဒသခံလူေတြရဲ႕ သတင္းစကားေၾကာင့္ ငွားမယ့္လူဝယ္မယ့္လူ မရွိေတာ့တာပါ။ ဒီလိုနဲ႔အိမ္ေလးဟာ ေနသူမဲ့ေနပါတယ္။

အဆိုပါအိမ္ေလးမွာ သရဲအလြန္ေျခာက္တယ္လို႔ဆိုပါတယ္။ အနီးအနားပတ္ဝန္းက်င္နဲ႔ ခပ္လွမ္းလွမ္းမွာ တသီးတျခား တည္ရွိေနတဲ့သေဘာမ်ိဳးျဖစ္ၿပီး အိမ္ရဲတည္ေနတဲ့ပုံစံကလည္း ျမင္သူကို ေက်ာခ်မ္းေစပါတယ္တဲ့။

ဒီအိမ္ကိုပူးတြဲပိုင္ဆိုင္တဲ့ Sylvia McLain ဟာ ယခင္ဒီအိမ္ေလးကိုေရာင္းထုတ္ဖို႔ ဒီေလာက္ခက္လိမ့္မယ္လို႔ ထင္မထားခဲ့ပါဘူးတဲ့။ သူမဟာတကယ္ေျပာရရင္ ဒီအိမ္ေလးကို ေပါေခ်ာင္ေကာင္းမို႔ ရင္းနီးျမႇဳပ္ႏွံတဲ့သေဘာနဲ႔ ဝယ္ယူခဲ့တာပါ။ သူမဟာ McLain Investments ကို တည္ေထာင္ထားသူ ျဖစ္ပါတယ္။

McLain ဟာ အိမ္ကိုအေရာင္းတင္ေတာ့မွ ဒီအိမ္ဟာသရဲအလြန္ေျခာက္ေၾကာင္းကို ဂဃနဏသိခဲ့ရတာျဖစ္ပါတယ္။ အဲဒီအိမ္မွာ အဖြားအိုသရဲမႀကီးတစ္ေကာင္ရွိေနၿပီး မူလအိမ္ရွင္ေတြဟာ အဲဒီသရဲမႀကီးကို ေမာင္းထုတ္ဖို႔ သရဲႏွင္သမားေတြ မၾကာခဏ ေခၚယူခဲ့ရတယ္လို႔ဆိုပါတယ္။

သရဲမႀကီးဟာ အဖြား Adele Vincent ျဖစ္ႏိုင္ပါတယ္။ သူမဟာသရဲဘဝနဲ႔ေျခာက္လွန္႔ေၾကာင္းကို ျမစ္မေလးျဖစ္သူ Dawn ကေျပာပါတယ္။ အိမ္ေလးဟာ ဧက(၁၆၀)က်ယ္တဲ့ ၿခံဝင္းအတြင္းတည္ရွိၿပီး (၁၈၆၀)ခုႏွစ္ကတည္းက တည္ေဆာက္ခဲ့တဲ့အိမ္ပါ။ အဖြား Adele ကေတာ့ (၁၉၆၇)မွာ ေသဆုံးခဲ့ပါတယ္။

အဲဒီေနာက္ Dawn မိသားစုက အိမ္ေလးကို အစဥ္အဆက္ ေနထိုင္ခဲ့ေပမယ့္ သရဲေျခာက္လြန္းမကေျခာက္လို႔ (၁၉၈၀)မွာ အိမ္ေျပာင္းေျပးရပါေတာ့တယ္။ ဒီလိုနဲ႔အဲဒီအိမ္ကို McLain Investments က စီမံကိန္းေနရာတစ္ခုအျဖစ္ ဝယ္ယူခဲ့ရာမွ အခုလို ေၾကာက္စရာေကာင္းတဲ့ သမိုင္းေၾကာင္းေတြကို သိခဲ့ရတာပါ။ အခုထိအဲဒီ ဧက (၁၆၀)ေပၚမွာ ဘာအေဆာက္ဦမွ မေဆာက္ႏိုင္ေသးပါဘူးတဲ့။

လင္းေဇာ္ကို (D Nae Khit)

Add a Comment

Your email address will not be published. Required fields are marked *