ခင်ပွန်းဖြစ်သူ ကွယ်လွန်သွားတာကို ခုချိန်ထိ မသိသေးရှာတဲ့ ပြေတီဦးရဲ့မိခင်ကြီးအကြောင်းပြောပြလာတဲ့ ဝေဠုကျော်










Source: Wai Lu Kyaw

Zawgyi

ခင်ပွန်းဖြစ်သူ ကွယ်လွန်သွားတာကို ခုချိန်ထိ မသိသေးရှာတဲ့ ပြေတီဦးရဲ့မိခင်ကြီးအကြောင်းပြောပြလာတဲ့ ဝေဠုကျော်

သရုပ်ဆောင်ဝေဠုကျော်ကတော့ပရဟိတလုပ်ငန်းတွေကိုသူရဲ့အသင်းသားများနဲ့ပူပေါင်းပြီးနေ့စဉ်ရက်ဆက်ကိုပြုလုပ်ပေးနေပါတယ်၊အကြောင်းအမျိုးမျိုးကြောင့်အခက်အခဲဖြစ်နေကြတဲ့ပြည်သူများကိုဝေလုကျော်ကကိုယ်တိုင်ကိုယ်ကျသွားရောက်ကြည့်ရှုပြီးအတတ်နိုင်ဆုံးကူညီထောက်ပံ့လှူဒါန်းပေးနေတာပဲဖြစ်ပါတယ်။

လက်ရှိမှာဖြစ်ပေါ်နေတဲ့ကိုဗစ်ရောဂါကပ်ဆိုးကြီးနဲ့ပတ်သတ်ပြီးတော့ကူးသ်ပျံ့နှံ့မှုတွေကြောင့်အောက်ဆီဂျက်မလုံလောက်မှုကြောင့် အသက်တွေဆုံးရှုံးနေရတာ ဖြစ်ပါတယ်။

အသက်ဆုံးတဲ့အထဲမှာလည်း အနုပညာရှင်တွေအပါအဝင် အသက်ပေါင်းများစွာဆုံးရှုံးနေရတာဖြစ်ပါတယ်နော်.. မကြာသေးခင်ကရောဂါကူးစက်ခံရတဲ့သူတွေထဲမှာဆိုရင်သရုပ်ဆောင်ပြေတီဦးရဲ့ဖခင်ကြီးအပါအဝင်ပဲဖြစ်ပါတယ်၊

ပြီးခဲ့တဲ့ရက်တွေတုန်းကဆိုရင်ပြေတီဦးရဲ့ဖခင်ကြီးကအောက်ဆီဂျင်အရေးပေါ်လို့အပ်နေတယ်လို့ကြားသိရပါတယ်။

နောက်ဆုံးမှာတော့ အသက်ဆုံးရှုံးသွားရတာဖြစ်တာကြောင့် ပရိသတ်တွေလည်း အဖမ်းခံထားရတဲ့ပြေတီဦးနဲ့ထပ်တူ စိတ်မကောင်းဖြစ်ခဲ့ကြရပါသေးတယ်။

ဒီနေ့လေးမှာတော့ မင်းသားဝေဠုကျော် ကသူရဲ့ဖေ့ဘုတ်စာမျက်နှာထက်မှာ လူတိုင်းကမထင်မှတ်ထားတဲ့အကြောင်းအရာတစ်ခုကိုရေးသားလာခဲ့ပါတယ်။

အဲဒါကတော့ မင်းသားပြေတီဦးရဲ့ဖခင်သေဆုံးမူကိုမိခင်ဖြစ်သူကမသိသေးတဲ့အကြောင်းကိုပြောပြလာပါတယ်၊

ပြေတီဦးရဲ့ မိခင်က သွေးတိုးရောဂါနဲ့အခြားရောဂါတွေလည်း ခံစားနေရတာကြောင့် မိသားစုကလည်း ခုချိန်ထိအသိမပေးသေးတဲ့အကြောင်းကို ရေးသားလာခဲ့တာဖြစ်ပါတယ်။ပရိသတ်ကြီးလည်း ကျန်းမာရေးကိုအထူးဂရုစိုက်ကြပါနော်..

Source: Wai Lu Kyaw

Add a Comment

Your email address will not be published. Required fields are marked *