ထမင်းမစားခင် သွေးသစ္စာသီချင်းကို အရွယ်လေး တွေ နဲ့ မလိုက်အောင် အားမာန်အပြည့်နဲ့ သီဆိုနေကြတဲ့ စစ် ဘေးရှောင် ကလေးငယ်တွေရဲ့ ဗီဒီယိုဖိုင်





(Zawgyi)

ထမင်းမစားခင် သွေးသစ္စာသီချင်းကို အရွယ်လေး တွေ နဲ့ မလိုက်အောင် အားမာန်အပြည့်နဲ့ သီဆိုနေကြတဲ့ စစ် ဘေးရှောင် ကလေးငယ်တွေရဲ့ ဗီဒီယိုဖိုင်

တောင်တန်းဒေသတွေမှာ တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်နေရတဲ့ ဒေသခံတွေ ဒီနေ့ အထိ ရှိနေဆဲပါ ။ ဒီထဲမှာ ကလေးငယ်လေး တွေ လည်း များစွာ ပါဝင်နေပြီး သူတို့လေးတွေရဲ့ ရှေ့ဆက်မယ့် အနာဂတ်တွေ အတွက် နှမြောတသ ဖြစ်မိတာ အမှန်ပါပဲ ။ ကျောင်းစာသင် ရမယ့် အရွယ်လေးတွေမှာ ထွက်ပြေး တိမ်းရှောင်နေရတဲ့ သူတို့ရဲ့  အဖြစ်တွေက ရင်နာစရာပါ ။

ဒါပေမယ့်လည်း ကလေးငယ်လေးတွေက ခုလို အခြေအနေတွေမှာတောင် စိတ်ဓာတ်မာကျော ကြတာကိုတွေ့မြင်ရတာလည်း တကယ်ကို လေးစားစရာပါပဲ ။ အခုလည်း ပရဟိတ အလုပ်တွေကို လုပ်ဆောင်နေတဲ့ ဆရာတော်တစ်ပါးက စစ်ဘေးရှောင် ကလေးငယ်တွေအတွက် စားသောက်စရာများ သွားရောက်လှူဒါန်းခဲ့တာကိုတွေ့ရပါတယ် ။

ဒီလို လှူဒါန်းရင်း ထမင်းမစားခင် ကလေးငယ်လေးတွေက သွေးသစ္စာ သီချင်းကို အတိုင်အဖောက်ညီညီ အားမာန်အပြည့်နဲ့ သိဆိုနေကြ တာကို တွေ့ပြီး ဗီဒီယိုလေး ရိုက်ကာဖော်ပြထားတာတွေ့ရပါတယ် ။ ဗီဒီယိုလေးကြည့်ပြီး ကြက်သီးထမိသလို လေးစားမိတာ အမှန်ပါပဲ ။ ပရိသတ်ကြီးအတွက် စစ်ဘေးရှောင် ကလေးငယ်တွေရဲ့ ပုံရိပ်တွေနဲ့ အတူ ဗီဒီယိုကို ဝေမျှပေးရင်း အားလုံးဘေးကင်းကြပါစေလို့လည်း ဆုတောင်းပေးလိုက်ပါရစေ ။

Add a Comment

Your email address will not be published. Required fields are marked *