“မြန်မာနိုင်ငံမှာ အလွန်အံ့ဩဖို့ကောင်းတဲ့ ရှေးဟောင်းနယ်မြေတစ်ခု ရွှေဘတောင်”

“မြန်မာနိုင်ငံမှာ အလွန်အံ့ဩဖို့ကောင်းတဲ့ ရှေးဟောင်းနယ်မြေတစ်ခု ရွှေဘတောင်”

မုံရွာတစ်ဘက်ကမ်းဆားလင်းကြီးမြို့နယ်
ယင်းမပင်ခရိုင်၊စစ်ကိုင်းတိုင်းဖိုးဝင်းတောင်ဘက်ကို
သွားတဲ့လမ်းတွေကျော်ပြီးမှရောက်တဲ့‌နေရာ
တော်တော်သွားရတယ်။

ဘာနည်းပညာအကူအညီမှမပါပဲကျောက်တောင်ကြီးတစ်ခုလုံးကိုလက်နဲ့သာထွင်းထုပုံဖော်ထားတဲ့

” ရွှေဘတောင် “.

အံသြရပါပေတယ်

မြန်မာနိုင်ငံမှာဒီလိုနေရာရှိနေတယ်ဆိုတာ သိရတော့…
အလွန့်အလွန်ကို.လည်းဂုဏ်ယူမိပါတယ်။

နှစ်ပေါင်း ၉၀၀တိုင်အောင်ခမ်းခမ်းနားနားရှိနေဆဲဖြစ်တဲ့ မုံရွာမြို့ရဲ့ရွှေဘတောင်ဟာ နောင်တစ်ချိ န်ကိုသွားရောက်လေ့လာလည်ပတ်ဖို့ နှလုံးသားထဲကတေးမှတ်ထားရမဲ့နေရာပါပဲ။

​ကျောက်စေတီတွေ….
ကျောက်လှို ဏ်ဂူတွေ…
ကျောက်လှေကားတွေ…
ကျောက်ဆင်ရုပ်တွေနဲ့…
ကျောက်ပန်းပုတွေနဲ့ ခမ်းနားစွာတည်ရှိနေတဲ့….

ရွှေဘတောင်ဟာ …..
မုံရွာမြို့တစ်ဖက်ကမ်း စစ်ကိုင်းတိုင်း‌
ဒေသကြီး ယင်းမာပင်မြို့နယ်တွင်တည်ရှိတာပါ။

ဖိုလ်ဝင်တောင်နဲ့ တောင်ကြောတစ်ဆက်တည်းဖြစ်ပြီး…
အခြားသော….
နွားသိုးတောင်၊ ဖန်ခါးတောင်၊လင်းနို့တောင်….
ကျောက်တစ်လုံးတောင်တို့နှင့်လည်း….
တစ်ဆက်တည်းရှိနေပါတယ်။

ရှေးဟောင်းကျောက်ထွင်း….
ကျောက်တောင်ကြီးတွေ….ဝန်းရံထားတဲ့…
ရွှေဘတောင်ဟာ ထူးခြားနေပါတယ်။

မြန်မာတို့ရဲ့စေတီဘုရားတွေဟာ ….
ပုံမှန်တော့ အုတ်တွေသဲတွေ နဲ့သာတည်ထားကိုးကွယ်ကြသော်လည်း
ရွှေဘတောင်မှာရှိတဲ့ဘုရားတွေက‌တော့
ကျောက်တွေနဲ့သာ ထွင်းထုထားပါတယ်။

ကျောက်သားနံရံများကို အင်္ဂတေလုံးဝမပါပဲ…
မြန်မာမှု လက်ရာကျောက်ပန်းတမော့နှင့်….
ကျောက်လက်မှု ပညာစစ်စစ်တွေနဲ့သာ…
ထွင်းထုထားပါတယ်။

ရွှေဘတောင်မှာနာမည်ကြီးကျောက်လှေကားကတော့…. Instragramမှာ နာမည်ကြီးနေရာဖြစ်ပြီး….
‌ကျောက်နံရံကို …
ကျောက်ရေအိုးစဉ်အဖြစ် ….
အသက်သွင်းထားမှု တွေ….
ကျောက်တောင်ကြီးကို….
ကျောက်လှိုဏ်ဂူအဖြစ်ဆောက်လုပ်ထားပြီး …
အတွင်းမှာစေတီများ ဘုရားများ တည်ထားပါသည်

နောက်ထပ်အထင်ကရနေရာကတော့…
ကျောက်ဆင်ရုပ်ကြီးပါ။

ကျောက်ဆင်ရုပ်ကြီးဟာ ..,
ကျောက်တုံးအကြီးကြီးကိုထွင်းထုထားပြီး…..
ဆင်ကြီးရဲ့အတွင်းဂူထဲမှာတော့ဘုရားများကိုပူဇော်ထားပါတယ်။

ရွှေဘတောင်ဟူ၍အမည်တွင်ရခြင်းမှာတော့…
ပုဂံခေတ်…
အလောင်းစည်သူမင်းလက်ထက်တွင်….
ကျောက်ထွင်းအနုပညာဆရာကြီး သူဌေးမင်း ဦးရွှေဘမှ…
ထိုကျောက်တောင်အကြီးကြီးတွင်…
ကျောက်နံရံများ၊
ကျောက်ရုပ်ထုများ၊
ကျောက်ဂူများ၊
ကျောက်ဘုရားများနှင့်…
ကျောက်ပန်းပုလက်ရာများကို ထွင်းထုပြီး…
ကျောက်လူသွားလမ်းဖောက်လုပ်ရာမှ….
ရွှေဘတောင်ဟူ၍အမည်တွင်ရခြင်းဖြစ်ပါသည်။

ကျောက်ထွင်းအနုပညာရှင်….
ဦးရွှေဘနှင့် တပည့်များမှ ထိုကျောက်တောင်ကြီးကို…
ပုံဖော်ရာတွင်လည်း မည်သည့်နည်းပညာမှမပါဝင်ပဲ…
လက်နှင့်ဆောက်ကိုသာသုံး၍ …
ကျောက်သားများကိုထွင်းထုခဲ့ကြပါတယ်။

ထိုသို့ကျောက်သားများကိုထွင်းထုရာတွင်…
ဂဝံမြေသားကို အသုံးပြု ခဲ့ကြပါသည်။

ဂဝံမြေသားဆိုသည်မှာ….
ကျောက်ပျော့အမျိုးအစားဖြစ်ပြီး အေးသောဓာတ်ရှိပါတယ်။

လိုသလိုပုံသွင်းနိုင်ပြီးနောက်မှအလိုလိုမာသွားကာ…
ဖြတ်သုံး၍ရသောကျောက်ဖြစ်ပါတယ်။

လူသွားလမ်းများ….
သာသနာကျောင်းဆောင်များ….
ဘုရားများစေတီများ၊ကျောက်ပန်းပုရုပ်အစုံ..

မြန်မာမှုလက်ရာများနှင့် ခမ်းနားနေတဲ့ ရွှေဘတောင်ဟာ..
ထိန်းသိမ်းစောင့်ရှောက်မှုများ အားနည်းနေသေးတာ
တော့တွေ့ရပါတယ်။

ဥပမာပြောရရင်အဆောက်အဦးတွေနား….
အမှို က်ပွနေခြင်းတွေ….
‌ရှေးဟောင်းလက်ရာကျောင်းဆောင်များအား …
ခေတ်လက်ရာဆေးများသုတ်ပစ်ခြင်းတို့ကိုဖြစ်ပါတယ်။

စစ်ကိုင်းဘက်ကိုရောက်ဖြစ်ခဲ့ရင်တော့…
ရွှေဘတောင်ကို ဝင်ပြီး…
မြန်မာကျောက်ပန်းပုလက်ရာတွေကို …
အဝငေးမောရန် နှလုံးသားထဲတေးထားသင့်နေလေပြီ။

2.

3.

4.

5.

6.

7.

Credit-Ko NayMann

Crd-Original Post

(ZAWGYI)

“ျမန္မာႏိုင္ငံမွာ အလြန္အံ့ဩဖို႔ေကာင္းတဲ့ ေရွးေဟာင္းနယ္ေျမတစ္ခု ေ႐ႊဘေတာင္”

မုံ႐ြာတစ္ဘက္ကမ္းဆားလင္းႀကီးၿမိဳ႕နယ္
ယင္းမပင္ခ႐ိုင္၊စစ္ကိုင္းတိုင္းဖိုးဝင္းေတာင္ဘက္ကို
သြားတဲ့လမ္းေတြေက်ာ္ၿပီးမွေရာက္တဲ့‌ေနရာ
ေတာ္ေတာ္သြားရတယ္။

ဘာနည္းပညာအကူအညီမွမပါပဲေက်ာက္ေတာင္ႀကီးတစ္ခုလုံးကိုလက္နဲ႔သာထြင္းထုပုံေဖာ္ထားတဲ့

” ေ႐ႊဘေတာင္ “.

အံၾသရပါေပတယ္။

ျမန္မာႏိုင္ငံမွာဒီလိုေနရာရွိေနတယ္ဆိုတာ သိရေတာ့…
အလြန႔္အလြန္ကို.လည္းဂုဏ္ယူမိပါတယ္။

ႏွစ္ေပါင္း ၉၀၀တိုင္ေအာင္ခမ္းခမ္းနားနားရွိေနဆဲျဖစ္တဲ့ မုံ႐ြာၿမိဳ႕ရဲ႕ေ႐ႊဘေတာင္ဟာ ေနာင္တစ္ခ်ိ န္ကိုသြားေရာက္ေလ့လာလည္ပတ္ဖို႔ ႏွလုံးသားထဲကေတးမွတ္ထားရမဲ့ေနရာပါပဲ။

​ေက်ာက္ေစတီေတြ….
ေက်ာက္လႈိ ဏ္ဂူေတြ…
ေက်ာက္ေလွကားေတြ…
ေက်ာက္ဆင္႐ုပ္ေတြနဲ႔…
ေက်ာက္ပန္းပုေတြနဲ႔ ခမ္းနားစြာတည္ရွိေနတဲ့….

ေ႐ႊဘေတာင္ဟာ …..
မုံ႐ြာၿမိဳ႕တစ္ဖက္ကမ္း စစ္ကိုင္းတိုင္း‌
ေဒသႀကီး ယင္းမာပင္ၿမိဳ႕နယ္တြင္တည္ရွိတာပါ။

ဖိုလ္ဝင္ေတာင္နဲ႔ ေတာင္ေၾကာတစ္ဆက္တည္းျဖစ္ၿပီး…
အျခားေသာ….
ႏြားသိုးေတာင္၊ ဖန္ခါးေတာင္၊လင္းႏို႔ေတာင္….
ေက်ာက္တစ္လုံးေတာင္တို႔ႏွင့္လည္း….
တစ္ဆက္တည္းရွိေနပါတယ္။

ေရွးေဟာင္းေက်ာက္ထြင္း….
ေက်ာက္ေတာင္ႀကီးေတြ….ဝန္းရံထားတဲ့…
ေ႐ႊဘေတာင္ဟာ ထူးျခားေနပါတယ္။

ျမန္မာတို႔ရဲ႕ေစတီဘုရားေတြဟာ ….
ပုံမွန္ေတာ့ အုတ္ေတြသဲေတြ နဲ႔သာတည္ထားကိုးကြယ္ၾကေသာ္လည္း
ေ႐ႊဘေတာင္မွာရွိတဲ့ဘုရားေတြက‌ေတာ့
ေက်ာက္ေတြနဲ႔သာ ထြင္းထုထားပါတယ္။

ေက်ာက္သားနံရံမ်ားကို အဂၤေတလုံးဝမပါပဲ…
ျမန္မာမႈ လက္ရာေက်ာက္ပန္းတေမာ့ႏွင့္….
ေက်ာက္လက္မႈ ပညာစစ္စစ္ေတြနဲ႔သာ…
ထြင္းထုထားပါတယ္။

ေ႐ႊဘေတာင္မွာနာမည္ႀကီးေက်ာက္ေလွကားကေတာ့…. Instragramမွာ နာမည္ႀကီးေနရာျဖစ္ၿပီး….
‌ေက်ာက္နံရံကို …
ေက်ာက္ေရအိုးစဥ္အျဖစ္ ….
အသက္သြင္းထားမႈ ေတြ….
ေက်ာက္ေတာင္ႀကီးကို….
ေက်ာက္လႈိဏ္ဂူအျဖစ္ေဆာက္လုပ္ထားၿပီး …
အတြင္းမွာေစတီမ်ား ဘုရားမ်ား တည္ထားပါသည္။

ေနာက္ထပ္အထင္ကရေနရာကေတာ့…
ေက်ာက္ဆင္႐ုပ္ႀကီးပါ။

ေက်ာက္ဆင္႐ုပ္ႀကီးဟာ ..,
ေက်ာက္တုံးအႀကီးႀကီးကိုထြင္းထုထားၿပီး…..
ဆင္ႀကီးရဲ႕အတြင္းဂူထဲမွာေတာ့ဘုရားမ်ားကိုပူေဇာ္ထားပါတယ္။

ေ႐ႊဘေတာင္ဟူ၍အမည္တြင္ရျခင္းမွာေတာ့…
ပုဂံေခတ္…
အေလာင္းစည္သူမင္းလက္ထက္တြင္….
ေက်ာက္ထြင္းအႏုပညာဆရာႀကီး သူေဌးမင္း ဦးေ႐ႊဘမွ…
ထိုေက်ာက္ေတာင္အႀကီးႀကီးတြင္…
ေက်ာက္နံရံမ်ား၊
ေက်ာက္႐ုပ္ထုမ်ား၊
ေက်ာက္ဂူမ်ား၊
ေက်ာက္ဘုရားမ်ားႏွင့္…
ေက်ာက္ပန္းပုလက္ရာမ်ားကို ထြင္းထုၿပီး…
ေက်ာက္လူသြားလမ္းေဖာက္လုပ္ရာမွ….
ေ႐ႊဘေတာင္ဟူ၍အမည္တြင္ရျခင္းျဖစ္ပါသည္။

ေက်ာက္ထြင္းအႏုပညာရွင္….
ဦးေ႐ႊဘႏွင့္ တပည့္မ်ားမွ ထိုေက်ာက္ေတာင္ႀကီးကို…
ပုံေဖာ္ရာတြင္လည္း မည္သည့္နည္းပညာမွမပါဝင္ပဲ…
လက္ႏွင့္ေဆာက္ကိုသာသုံး၍ …
ေက်ာက္သားမ်ားကိုထြင္းထုခဲ့ၾကပါတယ္။

ထိုသို႔ေက်ာက္သားမ်ားကိုထြင္းထုရာတြင္…
ဂဝံေျမသားကို အသုံးျပဳ ခဲ့ၾကပါသည္။

ဂဝံေျမသားဆိုသည္မွာ….
ေက်ာက္ေပ်ာ့အမ်ိဳးအစားျဖစ္ၿပီး ေအးေသာဓာတ္ရွိပါတယ္။

လိုသလိုပုံသြင္းႏိုင္ၿပီးေနာက္မွအလိုလိုမာသြားကာ…
ျဖတ္သုံး၍ရေသာေက်ာက္ျဖစ္ပါတယ္။

လူသြားလမ္းမ်ား….
သာသနာေက်ာင္းေဆာင္မ်ား….
ဘုရားမ်ားေစတီမ်ား၊ေက်ာက္ပန္းပု႐ုပ္အစုံ..

ျမန္မာမႈလက္ရာမ်ားႏွင့္ ခမ္းနားေနတဲ့ ေ႐ႊဘေတာင္ဟာ..
ထိန္းသိမ္းေစာင့္ေရွာက္မႈမ်ား အားနည္းေနေသးတာ
ေတာ့ေတြ႕ရပါတယ္။

ဥပမာေျပာရရင္အေဆာက္အဦးေတြနား….
အမႈိ က္ပြေနျခင္းေတြ….
‌ေရွးေဟာင္းလက္ရာေက်ာင္းေဆာင္မ်ားအား …
ေခတ္လက္ရာေဆးမ်ားသုတ္ပစ္ျခင္းတို႔ကိုျဖစ္ပါတယ္။

စစ္ကိုင္းဘက္ကိုေရာက္ျဖစ္ခဲ့ရင္ေတာ့…
ေ႐ႊဘေတာင္ကို ဝင္ၿပီး…
ျမန္မာေက်ာက္ပန္းပုလက္ရာေတြကို …
အဝေငးေမာရန္ ႏွလုံးသားထဲေတးထားသင့္ေနေလၿပီ။

Credit-Ko NayMann

Crd-Original Post

Add a Comment

Your email address will not be published. Required fields are marked *